Notifications

New releases
Gigs in your city

Location

,

If you want to change your current location:

2017
Chroma
2015
Chiptune Memories
2012
Electric Girl
2009
Orion
2008
Chiptek
2008
Coloris
SHE Dec 17, 2018
လွန်ခဲ့တဲ့ ၂ ရက်က သူငယ်ချင်း မင်္ဂလာဆောင် သွားခဲ့တဲ့ သားအမိနှစ်ယောက်သား ဖက်ရှင် အရမ်းကို ဆန်းသစ်တာနော် ... 😂😂😜 သတိရတယ် ဆိုသူတွေကို ကိုယ်ထင်ပြတာပါကွယ် ... ဘယ်တော့ စားရမလဲလို့တော့ ... မမေးကြေး 😜 ချစ်ရသူတို့ရေ ကောင်းသောညပါ နော် ... 🌷
SHE Dec 13, 2018
လွန်ခဲ့တဲ့ ၅ ရက်လောက်က ဆိုပါတော့ ... 🤘
SHE Dec 13, 2018
#ဖတ်ရသူများ_share_ပေးလျှင်_အလွန်ကျေနပ်ရမှာပါ 🌷 #တရားဓမ္မအလို့ငှါ #ဒီရက်ပိုင်းသတင်းတွေဟာစိတ်ချမ်းမြေ့ရပါတယ် ... အိန္ဒိယသမ္မတကြီး ... အိန္ဒိယဝန်ကြီးချုပ်ဟောင်း နေရူးလ်ရဲ့ မြစ် နဲ့ Twitter CEO တို့ ဝိပဿနာ ကို စိတ်ဝင်တစား အားထုတ်လာတဲ့ အပြင် ... ဆရာ ပါ တူရတဲ့ အတွက် ပိုဝမ်းသာမိပါတယ် ... #ဗုဒ္ဓ ရဲ့ ဓမ္မ လမ်းကြောင်း ကို #လယ်တီဆရာတော်ကြီး မှ စပြီး #အနာဂါမ်ဆရာသက်ကြီး ထို့နောက် #ဆရာကြီးဦးဘခင် ထိုမှ #ဆရာကြီးဦးဂိုအင်ကာ အဆင့်ဆင့် ဖြတ်သန်းစီးဆင်းရင်း ခိုင်မာတဲ့ ဓမ္မအသိုက်အမြုံကြီးဟာ ပိုမို အင်အားကောင်းပြီး စည်ပင်လာခဲ့ပါတော့တယ် ... အားကောင်းလှတဲ့ ဓမ္မအေးရိပ်မှာ ခိုလှုံရခြင်းဟာ ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပါပဲ လက်ရှိဘဝ အတွက်လည်း #ဝိပဿနာ ( ဘဝနေနည်း + ဘဝသေနည်း ) ဟာ အကျိုး ပြုသလို #သံသရာ အတွက်လည်း ထောက်ရာ တည်ရာ အားကိုးရာမို့ အလွန်အကျိုး ရှိလှပါတယ် ... ဒါကြောင့်လည်း ... #အခွင့်သာတုန်းအခိုက် တရားဓမ္မ ရဲ့ အေးငြိမ်းခြင်းရသ အစစ်အမှန် ကို ရရှိခံစားနိုင်ရန် ကျင့်ကြံနိုင်ကြပါစေလို့ ဆုမွန်တောင်း လိုက်ပါတယ် ... . ဗုဒ္ဓ လမ်းညွှန် ခဲ့တဲ့ #မဂ္ဂင်လမ်း အတိုင်း လျှောက်လှမ်းရင်း ဘာသာတရား ကို စစ်မှန်စွာ ပံ့ပိုးသူများ သာသနာ့ အကျိုးသယ်ပိုးသူများ ပိုမိုများပြားလာရင်ဖြင့် #ဓမ္မကို_အမှန်တကယ်_စောင့်ရှောက်သူများဖြစ်လာမှာပါ ... . #ငြိမ်းချမ်းသူများသောရပ်ဝန်းဟာ #ငြိမ်းချမ်းခြင်းတွေပိုမိုဝေစည်နေမည်မှာ #အသေအချာပဲဖြစ်ပါတော့တယ် ... ဓမ္မရသ ကို ခံစားနိုင်၍ ဓမ္မကျေးဇူးကို ပြန်လည် ရွက်ဆောင်သယ်ပိုးနိုင်သူများ များသည်ထက် များပြား လာပါစေ ... Be happy Be peaceful Be liberated မေတ္တာဖြင့် ... #သျှီ . #အိန္ဒိယသမ္မတကြီး နှင့် #အိန္ဒိယဝန်ကြီးချုပ်ဟောင်းနေရူးလ်၏ မြစ် #ရာဟူးလ်ဂန္ဓီ သတင်းဖတ်ရန် https://m.facebook.com/story.php?story_fbid=1253856651428737&id=518067831674293 #Twitter_CEO_Jack_Dorsey သတင်းဖတ်ရန် https://www.facebook.com/518067831674293/posts/1253475194800216/ https://www.facebook.com/518067831674293/posts/1253677141446688/ Source - #Myanmar_Now Reporter - #Swe_Win ( ဆရာကြီးဦးဂိုအင်ကာ ၏ ယောဂီတဦး ဖြစ်ပါသည် ) photo credit - Myanmar Now
SHE Dec 09, 2018
#မင်္ဂလာနံက်ခင်းပါ ... ချစ်ရသူများ ... ပျော်ရွှင် ကျေနပ်ဖွယ် တနင်္ဂနွေနေ့လေး ဖြစ်ပါစေ လို့ အဝေးတနေရာက ဆုမွန်တောင်း ရင်း ... 🌷 #have_a_sweet_Sunday_to_you_all
SHE Dec 08, 2018
မကွေးက Rock ချစ်သူများ ကို ကျေးဇူးတင်လျှက်ပါ 🤘 .
SHE Dec 08, 2018
မနက်ကပေါ့ မကွေး မြို့စွန် #မြသလွန် ကို ရောက်ခဲ့ကြ မေတ္တာပွားများ ဘာဝနာပွားများကြ ရာသီဥတု လေး က အေး ... လို့ သာယာနေခဲ့တယ် အားလုံးပျော်ရွှင် ငြိမ်းချမ်းစေဖို့လည်း တောင်းဆုခြွေခဲ့ပါတယ် မေတ္တာဖြင့် သျှီ
SHE Dec 07, 2018
#မကွေး_က_ဘော်ဒါတို့ရေ မနက်ဖြန်ည ( ၇ ) နာရီ မြို့ဟောင်းရပ် , နတ်စင်ကွင်း ... မှာ တွေ့ကြမယ်နော် ... #8_Dec_2018 #7pm Let's rock ... 🤘
SHE Dec 06, 2018
#8Dec2018 #မကွေး မှာ #Runner_Band နဲ့ ဆိုဖို့သီချင်းတိုက်ရင်း ... မဆိုဖြစ်တာကြာတဲ့ သီချင်းလေး ထည့်တိုက်ဖြစ်တယ် #1998က ထွက်ခဲ့တဲ့ #အမြဲရပ်တည်မယ် စီးရီးရဲ့ #Title_song အမှတ်တရရိုက်ထားတာလေးတင်ပေးလိုက်ပါတယ် ... သီချင်းတိုက် ရင်း #Liveဆိုထားတာမို့ အခွေထဲကလောက်တော့ အဆင်ပြေချင်မှ ပြေပါမယ် Mtv မရိုက်ဖူး Vcd karaoke မထွက်ဖူးတဲ့ သီချင်းလေးပါ #အမြဲရပ်တည်မယ် #ဆို_သျှီ #ရေး_သော်ဒီဝေ #band_Heaven_Born
SHE Dec 06, 2018
မနေ့ညက ချစ်ရတဲ့ မောင်အေး နဲ့ ညီမလေး တို့ မင်္ဂလာဆောင် ကို ရောက်ခဲ့ပါတယ် ... ဘဝခရီးလမ်းမှာ သစ္စာရှိရှိ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါစေ ... Congratulations dear bro & sis ... 🌸
SHE Dec 01, 2018
#ဒီဇင်ဘာနံနက်ခင်း မှစ လို့ ပျော်ရွှင် ... ချမ်းမြေ့ကြပါစေ ... ❄ ကောင်းသောဆန္ဒ မှန်သမျှ ပြည့်ဝ ပိုင်ဆိုင် နိုင်ပါစေ ... ❄ #Sweet_December_to_you_all... ☃❄🌷
SHE Nov 30, 2018
#တင်လိုက်ပြီနော် ... . #အချစ်ကကောင်းတယ် ♥ •••••••••••••••••••••••••••••• • လူ့ဘဝ အစကို လိုက်ရှာစမ်းပါ အစ ကို အစ ရှာကြည့်ရင် လုံးလုံး မရနိုင် အစက လုံးလုံး မဲမှောင် မီးတွေပျက်တဲ့ည • အဝေးဆုံး အလင်းရောင် ဖျတ်ဆို လက်လိုက်သလို ညမှာ လင်းလက်သလို စ လာတာပဲ ခလုတ်တွေ ဖွင့်သလို မီးတွေ စ လင်း သလောက် • ရူးရူးမူးမူး ကခုန် ပြေးလွှား ရရာသီချင်းများ စု ဝိုင်းဆိုနေသလို တကယ့်ကို ရူးမူးစွာ ကခုန်နေချင်တယ် နှစ်မသိ ရာသီမလို အချိန်တွေလွဲချော် အဲဒါ အစမှာ ... စတင်လွဲချော်ခြင်းများ အစ အတွက် ... သီအိုရီ မသေချာတယ် > ဘဝလမ်းတွေ မရေရာဘူး ဝါးတားတား နဲ့ ကားမှန်တွေထိုးဖောက်ကြည့်စမ်းဟေ့ မရှင်းလင်းခဲ့ဘူး တို့ဘဝတွေ မရေရာဘူး တို့ရဲ့ Rock N' Roll တွေ ရသလောက် ပေးနေချင်တယ် တကယ့် အသစ်တွေ ဝိုး ရေး ရေး ... ချစ်ကြတာ ကောင်းတယ် ( ချစ်ခြင်းဟာကောင်း) ၃ ... သိပ်ကောင်း ! မမုန်းကြတာကောင်းတယ် ( ချစ်ခြင်းဟာကောင်း) ၃ ... သိပ်ကောင်း ! • လောကကြီးဟာ ရှုပ်လာခဲ့ပြီ လမ်းတွေ နဲ့ ဈေးတွေ နဲ့ ကားတန်းတွေ ရှည် လာခဲ့ ဘယ့်နှယ်လဲ ... မင်းဟာ ပွဲစားလား ကြမ်းခင်းဈေးတွေ ငြင်းခုန်ကြ တချို့ဟာ ရိုးရိုးလေးပဲ ရှုပ်ခဲ့ကြ တို့ သိတဲ့ သဘောတရား များ • အားကြီး အားကြီး အရမ်းကို လွဲမှား အားလုံး ကမောက်ကမ စိတ်ရှုပ်စရာတွေ အမှိုက်လို ပစ်လိုက်တော့ ...သိပ်ကိုရယ်ချင်တယ် နေ့မသိ ရက်မသိဘူး နှစ်တွေလတွေ ... မေ့သာ မေ့လိုက်စမ်းဟေ့ ဘဝ အတွက် ... အချိန်နာရီ မလိုချင်တယ် > ဘဝလမ်းတွေ မရေရာဘူး ဝါးတားတား နဲ့ ကားမှန်တွေ ထိုးဖောက်ကြည့်စမ်းဟေ့ မရှင်းလင်းခဲ့ဘူး တို့ဘဝတွေ မရေရာဘူး တို့ရဲ့ Rock N' Roll တွေ ရသလောက် ပေးနေချင်တယ် တကယ့် အသစ်တွေ ဝိုး ရေး ရေး ... ချစ်ကြတာ ကောင်းတယ် ( ချစ်ခြင်းဟာကောင်း) ၃ ... သိပ်ကောင်း ! မမုန်းကြတာကောင်းတယ် ( ချစ်ခြင်းဟာကောင်း) ၃ ... သိပ်ကောင်း ! ချစ်ကြတာ ကောင်းတယ် ( ချစ်ခြင်းဟာကောင်း) ၃ ... သိပ်ကောင်း ! မမုန်းကြတာကောင်းတယ် ( ချစ်ခြင်းဟာကောင်း ......................... ) - Music - Love ... love ... love Love is a good thing Love ... love ... love ... #ရေး - #စကားလုံးဝင်းမင်းထွေး #ဆို - #သျှီ #Album - #လိုချင်သောကမ္ဘာ (1999) . . လတ်တလော ပြောချင်တဲ့ #စကား ခုတလော ပေးချင်တဲ့ #အတွေး ချစ်ခြင်း နဲ့ ဖွဲ့သီဖူးတဲ့ ရင်ထဲက #ဂီတ #Directorဏကြီး ရိုက်တဲ့ #သီချင်းဝိုင်း အစီအစဉ် 2013 ရဲ့ အမှတ်တရ #ဘဝမှာ_ဖြတ်လျှောက်ဖူးတဲ့_လမ်းများ ... .
SHE Nov 30, 2018
#ဒီနေ့ညတော့ #သီချင်းတစ်ပုဒ်တင်မယ်_စိတ်ကူးထားတယ် ... လတ်တလော ပြောချင်တဲ့ #စကား ခုတလော ပေးချင်တဲ့ #အတွေး ချစ်ခြင်း နဲ့ ဖွဲ့သီဖူးတဲ့ ရင်ထဲက #ဂီတ #Directorဏကြီး ရိုက်တဲ့ #သီချင်းဝိုင်း အစီအစဉ် 2013 ရဲ့ အမှတ်တရ #ဘဝမှာ_ဖြတ်လျှောက်ဖူးတဲ့_လမ်းများ ... be happy ... 🌷 #သျှီ #SHE
SHE Nov 29, 2018
Guitar tuner လေး ကျိုးသွားတယ် ... တတ်နိုင်ပါဘူး အသစ်ထပ်ဝယ်ရမှာပေါ့ ... #bye_my_good_old_friend
SHE Nov 24, 2018
#ရော့ခ်အိပ်မက်တွေ မက်ခဲ့တာ #နှစ်ပေါင်း၂၁ ကိုယ် နဲ့ ကိုယ့်ပရိသတ်တွေကြားထဲ #နှလုံးသားတွေ_ချိတ်ဆက်ထားဆဲ လို့ ကိုယ်ယုံတယ် အိပ်မက်တွေ ဆက်မက်ခွင့် ရှိနေသမျှ #ကိုယ်ပြန်လာခဲ့မယ် ... 🤘 #သျှီ #SHE . photo - UKaung Bgk
SHE Nov 23, 2018
မနေ့ညကပေါ့ #ဒိုက်ဦးရေ_ကျေးဇူးပါ ... Rock ကို ချစ်တဲ့ ဒိုက်ဦး က ဘော်ဒါ တွေနဲ့ နောက်ထပ် ဆုံချင်ပါသေးတယ် ... Rock n' Roll Dike Oo ... 🤘 . Band - Runner photo - mom
SHE Nov 22, 2018
#ဒိုက်ဦးရေ ... ခဏနေ တွေ့မယ်လေ ...
SHE Nov 21, 2018
မေမေ ရိုက်ပေးတဲ့ ပုံတွေ ထဲမှာ ဒီပုံလေး သဘောကျလို့ မေမေ့ရိုက်ချက်တွေ က တခါတခါ အတော် ထူးခြားနေတတ်တယ် ... မနေ့ညက Myanmar Beer ပွဲမှာ Lucky Hand band နဲ့ ဆိုဖြစ်ခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေ ထဲက တခု ...
SHE Nov 18, 2018
#အိပ်မက်လမ်း ကို လျှောက်ဆဲ အိပ်မက်တွေ ဆက်ဆက်မက်လို့ တခါတရံ #အတိတ် ကို တူးဆွမိတော့ ပြန်လည် နိုးထခြင်းမှာ #အိပ်မက်သစ် တွေ ထပ်မက်လာတယ် ... #သျှီ #SHE photo - Thein Naing ( Nay Chi ) 1999 . Have a nice Sunday to you all ... 🌷
SHE Nov 14, 2018
#အိပ်မက်တွေမက်ဆဲ ... တောင်ပံတစ်စုံ ဟာ လေဆန်ကို ခွင်းလို့ ချစ်ခြင်းဆီ ပျံခဲ့မယ် မဝေးတော့တဲ့ တနေ့မှာ အချစ်နဲ့ကြိုပါ ... 🤘 #သျှီ #SHE . . photo credit - UKaung Bgk
SHE Nov 12, 2018
November ရဲ့ မိုးတွေ သည်းသည်း ရွာတဲ့ ဒီနေ့ မှာ Studio ထဲ တကိုယ်တော် အခွေရဲ့ နောက်ဆုံးပိတ် သီချင်းလေး အသံသွင်းခဲ့တယ် သီချင်းနာမည် က #လွင့်ပြယ်သွားတဲ့ည တဲ့ ... 🖤
SHE Nov 11, 2018
#တနင်္ဂနွေ_နောက်တကြိမ်_ရောက်ပြန်ပေါ့ တဖြေးဖြေး လှမ်းခဲ့တဲ့ ခြေလှမ်းတွေနဲ့ #သျှီ့အိပ်မက် တွေလည်း အကောင်အထည်ပေါ်ကာနီးပြီမို့ ... ချစ်ရတဲ့ ပရိသတ်တွေ လည်း #သျှီ့တကိုယ်တော်အခွေကို #အကြာကြီးမစောင့်ရတော့ဘူး ဆိုတာလေး ဦးစွာ ပြောပြချင်ပါတယ် ... 😊 . #တနင်္ဂနွေ_နောက်တကြိမ်_ရောက်ပြန်ပေါ့ •••••••••••••••••••••••••••••••••••••••••••••• ပျော်စရာတွေ ... ငိုစရာတွေ ပြည့်စုံခြင်း နဲ့ ... ဆင်းရဲခြင်း တွေ မမျှတ ဘူးလို့ ထင်ရသမျှတွေဟာ လည်း ကိုယ်လုပ်ခဲ့တဲ့ ... ရလဒ်တွေ မျှသာပါ အမှားမကင်း တဲ့ လူသားတိုင်းမှာ နေ့လည်း ရှိ ညလည်း ရှိတာမို့ ပြင်ဆင်ခွင့် နဲ့ ပြင်ဆင်နိုင်ခြင်း ဟာ လည်း ကိုယ့်လက်ထဲမှာပါပဲ နာကျင်ခြင်း ဟာ ... ခွင့်လွှတ်ခြင်း မှာသာ အဆုံးသတ်နိုင်မှာပါ ခွင့်လွှတ်ခြင်း မှာ နီးခြင်း ဝေးခြင်း လည်း မရှိပါ နှလုံးသား ထဲ ကျေနပ်စွာ နားလည်လိုက်ခြင်းမို့ ကိုယ်တိုင် ကျင့်သုံးနိုင်မယ့် ခံစားမှုပါပဲ မိုက်မဲခဲ့သမျှ ... လိမ္မာခြင်းဆီ အရောက်သွား နိုင်ဖို့ အနှေး နဲ့ အမြန် ခြေလှမ်း တွေကို ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ပါ အမှားမကင်း နိုင်တဲ့ သျှီ ကိုယ်တိုင် လည်း နေ့တနေ့တိုင်း ပိုပိုကောင်းမွန်သူ ဖြစ်လာဖို့ကြိုးစားရင်း လှပတဲ့ တနင်္ဂနွေ ကို တည်ဆောက် ချင်ပါတယ် ချစ်ရသူများလည်း လှပသော တနင်္ဂနွေ လေး ကို ဖန်တီး နိုင်ပါစေ ... Smile more than you Cry Give more than you Take Love more than you Hate ... တဲ့ အပြောလွယ်သလောက် အလုပ်ခက်တယ် ဆိုပေမယ့် ဘဝ က တိုပြီး သံသရာ က ရှည်လေတော့ ကြိုးစား တည်ဆောက် နေရမှာပါပဲ ... #ကောင်းစွာတည်ဆောက်ခြင်းမှာ_ပျော်ရွှင်နိုင်ကြပါစေ 🌷 မေတ္တာဖြင့် ... #သျှီ
SHE Nov 09, 2018
#မနေ့ညရဲ့ကျေနပ်ခြင်း ... ဦးဇာလျန်း ကိုယ်ကျန်းမာစိတ်ချမ်းသာ လို့ အသက်ရှည် ပါစေ ... 🌿 #Bohemian_Rahpsody_artist_show #JGCV_8_Nov_2018 #thank_you_Ekyar
SHE Nov 09, 2018
* စိတ်ညစ်လွယ်သူများ ... မဖတ်ပါရန် * . . #အားးးးးးးးးးးးးးးးးးးးးးးးးးး မနေ့ညနေ ကပေါ့ #လူတစ်ယောက်ကို_ကယ်နိုင်ခဲ့လား #မကယ်နိုင်ခဲ့လား_မသိတော့ပါ ... အိမ်ကအထွက် သွားရမှာ တွေ တပုံတပင် အချိန်ကနဲ ကားကကြပ် ဘုရင့်နောင် တံတားသစ် ပေါ်မှာ အလွန်ကားကြပ်စွာ လှိုင်သာယာ ဘက်က နေ သမိုင်းလမ်းဆုံ ဘက် အသွား တလမ်းမောင်း တစ်စီးစာ လမ်းကျဉ်းထဲမှာ အလိုက်သင့်စွာ မောင်းနှင်လာ အဲ့ဒီ့ မှာ #လူတစ်ယောက် လမ်းလျှောက် လာရင်း #လူသွားလမ်းလေး_ကနေ_တံတားလက်ရန်းတွေကိုင်လို့_လက်ရန်းအပြင်ကို_လျှောထွက်သွား ကိုယ်ဘာမှ မတတ်နိုင်လိုက်ခင် #တံတားအောက်ဘက်ကိုလျှောချသွား တံတား သံတိုင်ကို တော့ ဆုပ်ကိုင်ထားဆဲ #ဒီအဖြစ်အပျက်အားလုံး_၁_မိနစ်လောက်မျှသာ . ပိတ်နေတဲ့ ကားတန်းထဲက ... ကိုယ် ခြားနားနေတဲ့ ... သံလက်ရန်းများ #ဒီလူ_သတ်သေမှာလား ??? #ခဏတာ_အရူးထခြင်းလား ??? ဝေခွဲ မရခြင်းများနဲ့ ကါးမှန်တံခါးကိုချ #မောင်လေး_ခုန်မချလိုက်နဲ့_ပြန်တက်လာခဲ့လို့ #အကြိမ်ကြိမ်_အော်ဟစ်မိ အနောက်ကားတွေက ကိုယ့်ကို ဟွန်းတီး ကိုယ်က ကားရပ်ထားပြီး လှမ်းအော် ဒီအခိုက်မှာ ... အဘကြီးတစ်ယောက် လူသွားလမ်းအတိုင်း လျှောက်လာ ... ကိုယ်က လှမ်းအော် ပြီး ခုန်ချတော့မယ့် လူ နေရာကို ညွှန်ပြ နောက်ဆုံး ... အဘ က ... တွေ့ သွား ကိုယ့်နောက်က ပိတ်ဆို့ကားတန်း အတွက် အဲ့ဒီ အဖြစ်အပျက်ကို အဘကြီးဆီ လွှဲခဲ့ရင်း ကားဆက်မောင်းလာရ #ဖြစ်ပျက်သမျှ_၃မိနစ်မျှသာ . ခုန်ချမယ့်သူ လျှောမချသွားခင် #အဓိပ္ပါယ်မဲ့နေတဲ့သူ့မျက်နှာက_စိတ်ထဲထင်းနေရင်း ကားဆက်မောင်းလာရင်း သားအမိ ၂ ယောက် စိတ်ထိခိုက်လာကြ 😢 ဒီလိုနဲ့ ကားမောင်းရင်း #ရန်ကုန်တိုင်းရဲလှည့်ကင်းကားကို_ဖုန်းဆက် အကျိုး အကြောင်း ပြော ကယ်ဖို့ အကြောင်း ကြား ... . သွားရမယ့် နေရာ တွေ ဆက်သွား ရင်း #အတွေးထဲ_ဟိုလူအကြောင်း_ရောက်ရောက်လာ ကိုယ်မကယ်နိုင်ဘူးလား ... ??? ကယ်လိုက်နိုင်လား ... ??? တွေးကြည့်မိတော့ #ကိုယ့်စိတ်တွေ_လှောင်ပိတ်သွား ဒီလိုနဲ့ ဖြေသာစရာ အတွေးက ခုန်ချမယ့်သူကို အဘကြီးက... မြင်ပြီး ... တား #ကိုယ့်နောက်ဆုံးမြင်ကွင်းမှာ_သံတိုင်တွေကိုင်ထားတဲ့လက်_လွှတ်မချလိုက်သေးဖူးလေ . #ဘဝမှာ ခြောက်ခြားစရာတွေ ကလည်း အပြည့်သာ ဘယ်သူ ဘယ်လောက် နာကျင်လို့ ဘယ်သူ ဘယ်လောက် ပျော်ရွှင်နေလဲ #သတ်သေလိုက်ခြင်း_ဟာ_ဘဝတခုအတွက်_ကျေနပ်စရာလည်းဖြစ်သွားနိုင်ရဲ့ ကယ်သူ လည်း ရှိမယ် မကယ်သူ လည်း ရှိမယ် အကယ်ခံသူ ... နဲ့ ... အကယ်မခံသူ #ဘဝတန်ဖိုးတွေခြားနား . ဘဝဆိုတာ #မတတ်နိုင်ခြင်း #အစိုးမရခြင်း တွေသာ သီးသန့် ချိတ်ဆက်ထားသလား ထင်ရ !!! မနေ့ကပေါ့ အတွေ့အကြုံ တွေမှာ နာကျင်စရာ တွေ ရောထွေးပါနေလေရဲ့ . #အားးးးးးးးးးးးးးး ... ဆိုတာ ငိုငြီးခြင်းလား နာကျင်သံတခုလား ဟိန်းဟောက်သံလား အင်အားတခုလား လား ... လား ... လား ... ????????? Be liberated ... #သျှီ 🌷
SHE Nov 07, 2018
သို့ ... ပန်းချစ်သူများ •••••••••••••••••••••••• ပြောရင်လည်း ပြောလို့ဖြစ်ဦးမယ် မပြောတော့လည်း အားမရဖြစ်သတဲ့ စေတနာကောင်း တွေ မမြင်ကြတာလား ဘဝတွေ ဆိုတာ ဖောင်စီးရင်းလည်း ရေငတ်တတ်တယ် သေချာတာ က တည်ဆောက် မှုတိုင်း ဖြိုချ တာထက် ခက် မဝင်ချင်တဲ့ network ထဲ ဝင်သင့်လို့ ဝင်ခဲ့ နောင်တလား ... ?? မရပါဘူး! လူတိုင်းကြုံရတဲ့ လောကဓံမှာ ဝဋ်ဆိုတာ ကျေအောင် ဆပ်နိုင်မှ သူတော်ကောင်း လည်း ဝဋ်မကင်း ပုထုဇဉ် မှန်သမျှ အစွဲမကင်း မဲတင်းကာ ကြိုးစား ရိုးသားခဲ့သမျှ အလကားမဟုတ်ပါ ကိုယ်တိုင် လား ခင်ဗျား တို့လား မမေ့သင့်တာ မမေ့ဖို့ကြိုးစား စေတနာကောင်း ထားသူကို စေတနာကောင်း ပြန်ထား ဘဝ ဟာ ခပ်ပါးပါး မရပ်မနား သွားနေတဲ့ ပန်းတပွင့် ရှင်သန်ရဲရင့်လို့ ပြေးခဲ့တယ် ပြေးနေဆဲ ပြေးဦးမှာတဲ့ သူပွင့်နေဆဲ သွေးမကွဲဘဲ အားကြီးသူက ... အား ဉာဏ်ကြီးသူက ... ဉာဏ် အကြံကြီးသူက ... အကြံ ပေးနိုင်သမျှ အကုန်ပေးပါ မပေးနိုင်သူက တိတ်ဆိတ်ခြင်း ကို ပေးပါ ငြိမ်သက်ခြင်း ကို ပေးပါ ချိန်ဆ ပါစေ အေးပါစေ ပေါ့ ဒီလိုကူရင်း တွေးတောရင်း ပန်းလေး ငြိမ်းစေ တွေးပါစေလေ ပန်းလေး မညှိုးခင် မကြွေခင် နောင်တခပင်း ကင်းကြစေ ... #သျှီ
SHE Nov 05, 2018
အိမ်က ထွက်ရင် #သူဟာ_ကိုယ်မဟုတ် ဆိုတဲ့ စိတ်နဲ့ #သီးခံမောင်းနှင် ဖို့ ဆုံးဖြတ် ထားသူပါ ... #ခါးပတ်ပတ် မောင်းပါတယ် #စည်းကမ်းရှိရှိ မောင်းပါတယ် လူတိုင်း မှာ အပူကိုယ်စီ နဲ့ မို့ အလျှော့ပေး မောင်းနှင်ဖို့လည်း ကြိုးစား ပါတယ် . . ပုံကလား ကားမထွက်ခင် ရိုက်တာပါနော် ( ကားမောင်းရင်း မရိုက်ရ ဘာညာ ပြောမခံရအောင် ကြိုပြောထားရတာ ) 😂😂 မျက်မှန် အောက်ကျနေတာကလား အဝေးကြည့် မျက်မှန်မို့ အနီးကပ် ရိုက်သော် မျက်မှန် မလိုပါကြောင်း ... ( ဘာမှပြောမရအောင် ကြိုပြောထားသော်လည်း အကြောင်းရှာခံရလတ္တံ့ ... 😂😂 )